Thursday, May 29, 2014

သတ္တမြောက်ခြေလှမ်း (သို့) ပြိုင်တူတွန်းလျင် ရွေ့ နိုင်ပါသည်

" ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ပညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။အသေချာဆုံး တစ်ခုကတော့ "ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"..။


အခုလည်း ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်ခရိုင်၊ ထန်းတောကျေးရွာ ထန်းတော အ.မ.ကရဲ့ အခက်အခဲတစ်ခုကို တင်ပြပါရစေ။ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၀ ကျော်ရှိပြီး ဒီအစိုးရကျောင်းကြီးဟာ ပေ(၁၄၀ x ၂၀ ) ရှိပါတယ်။ ကျောင်းဆောင်ကြီးဟာ အမိုးတစ်ဝက်သာရှိပြီး အကာလုံးဝမရှိတဲ့ ( ၆)မိုးရှိခဲ့ပါပြီ။ မိုးရွာတဲ့အခါ စာသင်ခန်းထဲသို့ ရေတွေဝင်ပြီး ကလေးငယ်များက အိမ်မှ ဂုန်နီအိတ်များ၊ ဖင်ထိုင်ခုံများကို ယူပြီး ၀င်လာသောရေများပေါ် ထိုင်ကာ စာသင်ကြရပါတယ်။ မိုးသည်းလာတဲ့အခါ စာလုံးဝ ဆက်သင်လို့ မရတော့ပဲ ဆရာ၊ ဆရာမများက သူတို့နေရန် ကျေးရွာမှ စီစဉ်ပေးထားသော အိမ်သို့ခေါ်ယူကာ သင်ကြားပေးရပါတယ်။ ထိုအခါ ကလေးငယ်များက ဆရာ၊ ဆရာမတို့ရဲ့ အိမ်မှုကိစ္စများကို ၀ိုင်းကူလုပ်ပေးကြရပြီး ကျောင်းသားမိဘများ သိရှိတဲ့အခါ ကျောင်းသားမိဘများနဲ့ အဆိုပါ ဆရာ၊ ဆရာမများကြား ပြသနာအဖုအထစ်တွေ ဖြစ်လာပြီး ယခုပညာသင်နှစ် ကလေးတွေက မိုးထဲရေထဲမှာပဲ ဇာတ်သိမ်းရမဲ့ အနေအထားဖြစ်နေပါတယ်။

ပြုပြင်ပေးဖို့ လိုအပ်နေတဲ့ ထန်းတော အခြခံပညာမူလတန်းကျောင်း

"သား စာသင်ချင်တယ်၊ သားတို့ကျောင်းကို ပြင်ပေးပါအုံး အကိုကြီး" လို့ပြောတဲ့ ကလေးငယ် သုံးဦး

ဘာ့ကြောင့်ပြုပြင်ပေးဖို့ လိုအပ်သလဲ
၁၉၇၃ခုနှစ်မှ စတင်ခဲ့တဲ့ အဆိုပါကျောင်းမှ နှစ်စဉ်အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၅)ဦး ၀န်းကျင်ခန့်ရှိပါတယ်။ ထန်းတောကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ထန်းပင်ကောက်ကျေးရွာ၊ ကံရွာကျေးရွာ စတဲ့ ရွာပေါင်း (၇)ရွာမှ ကလေးငယ်များ စုပေါင်းသင်ကြားရခြင်းဖြစ်ပြီး အဆိုပါဝန်းကျင်တွင် ထန်းတောကျောင်းတစ်ကျောင်းတည်းသာ ရှိနေတာဖြစ်ပါတယ်။ ဒီကျောင်းလေးကို ပြုပြင်ပေးလိုက်ပြီး အဆိုပါ ကျောင်းမှ ကျောင်းသားတစ်ယောက်ဟာ နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားကိုးအားထားပြုရမည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒါဟာ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်ပဲ မဟုတ်ပေဘူးလား..။

ကျောင်းအရွယ်အစားနဲ့ ခန့်မှန်း ကုန်ကျစရိတ် 
ကျောင်းသား၊ ကျောင်းသူ များတာနဲ့အမျှ ကျောင်းရဲ့ အရွယ်အစားက ပေ (၁၄၀ x ၂၀ ) ရှိပါတယ်။ အုဌ်မြစ်ချပြီးသား၊ အမိုးတစ်ဝက်မိုးပြီးသားဖြစ်ပြီး အုဌ်အကာ၊ သွပ်အမိုး၊ တံခါးပေါက်၊ ကြမ်းပြင်အခင်း၊ မျက်နှာကြက်၊ ဘုရားခန်းစတဲ့ ပေ (၁၄၀) အကျယ်အ၀န်းအတွက် စုစုပေါင်းအတွက် ခန့်မှန်း ကုန်ကျစရိတ်
သိန်း( ၁၇၀နဲ့ ၁၉၀) ပမာဏခန့် ကုန်ကျနိုင်ပါတယ်။ရရှိလာမဲ့ မုဒိတာအလှုရှင်များရဲ့ လှုဒါန်းမှု ပမာဏကိုကြည့်ပြီး တတ်နိုင်သလောက် ပြုပြင်ပေးသွားပါမယ်။

အဆိုပါကျောင်းဆောက်လုပ်မှုအတွက် 
(၁) အရှင်တက္ခသာရ၊ BA,MA (သီရိလကာင်္)  သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်၊ ရန်ကုန်၊ မှ  (၁၅)သိန်း
(၂) ဦးတင်အေး+ဒေါ်ကျင်အေး၊ (သား) သက်စိုးထိုက်၊ (သမီး) မသိရိသက်ဝေ မိသားစု (၇.၅)သိန်း
(၃)ကိုရင် + မဒမ်ကိုး မှ...............................................................................  (၇.၅)သိန်း
စုစုပေါင်း ငွေကျပ် သိန်း (၃၀) မတည် လှုဒါန်းထားပါတယ်။

နောက်ထပ် လိုအပ်နေသော အလှုငွေများကို ယခင်အကြိမ်များကဲ့သို့ မုဒိတာအလှုရှင်များရဲ့ စုပေါင်းအားဖြင့် ပေါင်းစုတည်ဆောက်သွားမယ်ဆိုပါက အထက်ပါကျောင်းဟာ ကလေးငယ်များအတွက် အားထားရာကျောင်းတော်ကြီး ဖြစ်လာတော့မှာ ဖြစ်တဲ့အကြောင်း နိုင်ငံအရပ်ရပ်မှ မုဒိတာအလှုရှင်များကို လေးစားစွာ အကူအညီတောင်းခံရင်း အလှုခံကာလကို (၃၀.၅.၂၀၁၄ရက်၊ သောကြာနေ့) မှာ စတင်ပါပြီခင်ဗျား..။

နိုင်ငံအလိုက် ဆက်သွယ်လှုဒါန်းနိုင်ကြရန် အကျိုးတော်ဆောင်များစာရင်း
 
ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကား 
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
https://www.facebook.com/lynnkhitdeno

ဂျပန်နိုင်ငံ 
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214
http://www.facebook.com/nayyannaing

တောင်ကိုရီးယားနိုင်ငံ
၁။ဒေါ်ကျူတီ
antianti29@gmail.com
+၁၀ ၂၁၄၂ ၁၂၆၆
https://www.facebook.com/daw.q.te

စင်ကာပူ
၁။ မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၉၆၁၆ ၄၄၇၇ 
https://www.facebook.com/madamkoo

၂။ ကန်ဒီခိုင်
candykhine2@gmail.com
+၆၅ ၉၆၆၀ ၂၆၉၄
https://www.facebook.com/candykhine2

၃။ မစန်းစန်းခိုင် @ crystal khaing
sskhaing@gmail.com
+၆၅ ၉၆၆၂  ၂၂၂၆ 
 https://www.facebook.com/crystal.khaing 

၎။ မသန္တာလွင်
+၆၅ ၉၀၀၃၂ ၄၃၆
https://www.facebook.com/thandarlwin   

ထိုင်ဝမ်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
https://www.facebook.com/blackroze.flower

မလေးရှား
၁။တင်မောင်လွင်
mmin5433@gmail.com
+၆၀၁၆ ၃၆၂၇ ၆၆၄
https://www.facebook.com/mg.joephyu

၂။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
https://www.facebook.com/pan.thut

။မောင်ဘုန်း (ကလန်း)
mr.janjarom@gmail.com
+၆၀၁၀ ၂၈၂၇ ၀၇၁
https://www.facebook.com/yehtet.yehtet.1

မြန်မာနိုင်ငံ
၁။ andrewkc @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
https://www.facebook.com/andrewmahkc

၂။ ဒေါ်အိအိစိုး @Doreen Tin  
( Feel Myanmar Restaurant & ရွှေအိ မုန့်ဟင်းခါး)
ei.soe64@gmail.com
+၉၅ ၉၅၁၅ ၂၄၆၃
https://www.facebook.com/doreen.tin

ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါကျောင်းဖြစ်မြောက်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးနေသော ဆရာတော်ထံသို့ အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။

ဆရာတော် အရှင်ပါရဂူ
၀၉၅ ၃၅၀၇၂၃
သီတာရုံစာင်တိုက်၊ တောင်ငူမြို့
(၆)ရပ်ကွက်၊ ကမ္ဘာအေးလမ်း

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG)
၂၉.၅.၂၀၁၄ ၊ ကြာသာပတေးနေ့ 


1 comment:

baddandahler said...

Best Casinos Near Philadelphia, PA - Mapyro
Find 여수 출장마사지 the best 충청북도 출장마사지 casinos and get the best rates 강원도 출장마사지 on your casino vacation! Harrah's Philadelphia Casino Hotel Philadelphia 구미 출장마사지 - TripYRO has 부산광역 출장샵 a full

Related Posts Plugin for WordPress, Blogger...